*
ဒေါက်တာတို့သတိ...
မယုံမရှိကြနဲ့ ။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန့်ကို
ရည်ရွယ်ချက်ကြီးပြီး… သူတို့ လိုချင်တဲ့ ပညာတစ်ခုရဖို့  ဆို
ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ့ လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို့  ရဲ့
အားနည်းချက်လို့  ဆိုရမလားပဲ…။
ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ့ ဆင်းရတဲ့ နေ့ တစ်နေ့ ပေါ့။
ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို့ တစ်ဖွဲ့ သားလုံးရဲ့
ရှေ့  မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို့…။
အားလုံးလိုက်လုပ်ရမယ့် လက်တွေ့ သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။
“ပထမ အချက်အနေနဲ့ … ... ... အဟမ်းအဟမ်း…”
ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ့ ကြည့်လိုက်ပြီးမှ
လေးလေးပင်ပင်နဲ့ …
“ရင်ခွဲရုံမှာ... ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို့ မှာ...
ရွံတတ်တဲ့စိတ်ရှိလို့  လုံးဝမဖြစ်ဘူး”
ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ့ ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ
သူ့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး…
သူ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ့  စုပ်ပြလိုက်ပါတော့တယ်။
“အီးးးးးးး”
“အူးးးးးးး”
“အိုးးးးးးး”
ကြည့်နေကြတဲ့ သူတွေအားလုံး လန့် ဖြန့် ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
အာမေဋိတ်သံတွေ ထွက်လို့  မဆုံးခင်မှာတင်ပဲ ဆရာက …
“ကဲ... အားလုံးမြင်ပြီးကြတဲ့အတိုင်း... မင်းတို့  တွေ
ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့... ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”
မယုံမရှိကြပါနဲ့ ။
‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
စောစောတုန်းက 'ဟင်' ရယ် ' ဟယ်' ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။
လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင်
စုပ်…။
ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။
အားလုံးလက်တွေ့ လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
တစ်ချက်ကို ဆက်ပြီး ပို့ ချတာပေါ့။
“ဒုတိယအချက်ကတော့... ပိုပြီး အရေးပါတဲ့..အပြင်… အတွေ့ အကြုံ
မရှိသေးသူများအဖို့ … လိုက်လုပ်ဖို့  အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
ဘာလဲဆိုတော့... မျက်စိလျင်လျင်ထားပြီး... စူးစမ်းလေ့လာတတ်ဖို့ ပါပဲ။”
“အခုနတုန်းက... ဆရာမင်းတို့ ရှေ့ မှာ နှိုက်ပြတဲ့ လက်က...
လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့... လက်ခလယ် မဟုတ်ဘဲ... လက်ညှိုးကို
ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်... ဒီအချက်ကို...
ဘယ်ကျောင်းသားမှ... သတိမမူမိလိုက်ကြပါဘူး…”
Monday, September 27, 2010
စာစုလေးများ.......
ငွေမရှိလည်း ရပါသည်။
တိုးတက်ချင်စိတ်နဲ့ ကြိုးစားမှုလေး ရှိရန်သာလိုအပ်ပါသည်။
ဆင်းရဲနေလည်း ရပါသည်။
မျှတစွာ သုံးစွဲ ပြီး များပြားစွာ စုဆောင်ရန်သာလိုအပ်ပါသည်
ချစ်သူမရှိလည်း ရပါသည်။
ချစ်တတ်တဲ့နှလုံးသားနဲ့ ကြင်နာမှုလေး ရှိရန်သာလိုအပ်ပါသည်။
ချစ်သူနဲ့ ဝေးနေလည်း ရပါသည်။
အချင်းချင်း သစ္စာရှိရန်သာ လိုအပ်ပါသည်။
သူမုန်းသွားလည်းရပါသည်။
မိမိပါ အတုလိုက်၍ မမုန်းမိရန်သာလိုအပ်ပါသည်။
မုန်းချင်ရင်လည်း ရပါသည်။
အငြှိုးထား၍ လက်စားမချေရန်သာလိုအပ်ပါသည်။
အမေ မရှိတော့လည်း ရပါသည်။
အမေရဲ့ ကောင်းမွန်တဲ့ဆန္ဒလေးအတိုင်းလုပ်ရန်သာ လိုအပ်ပါသည်။
လောကကြီးကိုအလှမဆင်နိုင်လည်း ရပါသည်။
လောကကို မဖျက်ဆီးမိရန်သာလိုအပ်ပါသည်။
မကူညီနိုင်လည်း ရပါသည်။
မနှောက်ယှက်မိရန်သာ လိုအပ်ပါသည်။
အကြိမ်ကြိမ်မှားလည်း ရပါသည်။
မှားပြီးသားအမှားကို ထပ်၍မမှားမိရန်သာလိုအပ်ပါသည်။

Friday, September 3, 2010
သြကာသဘုရားရှိခိုးကန်တော့ခန်းအနက်အဓိပ္ပာယ်
ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေမှာ တချို့က
ဘုရားရှိခိုးကန်တော့နေကြပေမယ့် အများစုက
မိရိုးဖလာကိုးကွယ်လာကြသူများဖြစ်တဲ့အတွက် သြကာသ ဘုရားရှိခိုးကန်တော့ရဲ့အနက်
အဓိပ္ပာယ်ကို မသိသေးသူများလည်းရှိကြပါတယ်။ သိပြီးသားသူများအတွက်လည်း
ထပ်မံပြီးသိရအောင်ဆိုသော ရည်ရွယ် ချက်နှင့်ကျွန်တော်ဒီပို့စ်ကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။
သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ
ပထမ၊ဒုတိယ၊တတိယ၊တစ်ကြိမ်၊နှစ်ကြိမ်၊သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊
တရားရတနာ၊သံဃာရတနာ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ၊အလေးအမြတ် လက်အုပ်မိုး၍
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော
အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျဿနတရား ငါးပါးတို့မှ
အခါခပ်သိမ်းကင်း လွတ်ငြိမ်းသည်ဖြစ်၍ အဆုံးစွန်သော ဘဝ၌ မဂ်တရား၊ ဖိုလ်တရား
နိဗ္ဗာန်ချမ်းသာ တရားတော် မြတ်ကိုရပါ လို၏အရှင်ဘုရား။
သြကာသ၊သြကာသ၊သြကာသ
ပါဠိစကားဖြစ်ပါသည်။ မြန်မာလို “အခွင့်” ဟူသောအနက်ကိုဟော၏။ “ရှိခိုးပါရစေ
အခွင့်ပြုတော်မူပါ” ဟု ဆိုလိုရင်းဖြစ်ပါသည်။ ပါဠိတော်များ၌ကား “သြကာသံ
ကရောဟိ၊ သြကာသံ၊ဒေဟိ” စသည်ဖြင့် “အခွင့်ပြုတော်မူပါ၊ အခွင့်ပေးတော်မူပါ၊
မေးလျှောက်ပါရစေ” ဟုတစ်စုံ တစ်ခုကိုမေးလိုသောအခါအသုံး
ပြုကြပါသည်။သီဟိုဠ်ကျွန်း၌“အ၀ကာသ်” ဟုအခွင့်တောင်းသောအခါသုံး သောစကားသည်
“သြကာသ” ဟူသောပါဠိစကားနဲ့ အတူတူပင်ဖြစ်ပါသည်။
ကာယကံ၊၀စီကံ၊မနောကံ
(ကာယ=ကိုယ်+ကံ=အမှု) ကိုယ်ပြုမှုကို “ကာယကံ”၊ နှုတ်ပြောမှုကို “၀စီကံ”၊ စိတ်ကြံမှုကို “မနောကံ” ဟု ဆိုလိုပါသည်။
ပထမ၊ ဒုတိယ၊ တတိယ
ပါဠိစကားပင်ဖြစ်ပါသည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် တိုင်အောင်ရှိခိုးကန်တော့ခြင်းဖြင့် အထူးအလေးပြု ခြင်းကိုဆိုလိုပါသည်။
ဘုရားရတနာ၊ တရားရတနာ၊သံဃာရတနာ။
“ရတနာ” သဒ္ဒါသည်လည်း ပါဠိစကားပင်ဖြစ်ပါသည်။
“နှစ်သက်မွေ့လျော်ခြင်းကိုဖြစ်စေတတ်သော၊အလေး အမြတ်ပြုအပ်သော၊
အဖိုးများစွာထိုက်တန်သော၊ အတုမရှိသော၊ အလွန်ရခဲသော” ဟူသောအနက်ကိုဆိုလို
သည်။လောက၌ စိန်၊ကျောက်၊ဆင်၊မြင်း၊သားကောင်း၊သမီးကောင်း စသည်တို့ကို
ရတနာဟုခေါ်ကြသည်။ ထိုရတနာတို့ကို ဘုန်းကံရှိသောသူတို့သာရရှိပြီး
ရရှိသောသူတို့သည်လည်း အလွန်နှစ်သက်၍ အလေးအ မြတ်တန်ဖိုးထားကြပါသည်။
ကမ္ဘာများစွာလွန်သော်လည်း တွေ့ကြုံဖို့ရန်
အလွန်ခဲယဉ်းလှသောဂုဏ်တော်များနှင့်ပြည့်စုံတော်မူသော ဘုရားစစ်၊
တရားစစ်နှင့် အရိယာသံဃာတော်များသည်လည်း ရတနာပင်ဖြစ်ပါသည်။ ရတနာတွင် အတု
အယောင်ရှိသကဲ့သို့ ဘုရား၊တရား၊သံဃာတွင်လည်း အတုအယောင်များရှိသဖြင့်
ကိုယ်ပိုင်ဥာဏ်ဖြင့် သော်လည်းကောင်း၊ ဆရာသမားကောင်းဖြင့်သော်လည်းကောင်း
တိုင်ပင်၍ကိုးကွယ် ဆည်းကပ်ရပါမည်။ မမှန်သောရတနာကို ကိုးကွယ်မိလျှင်
ယခုဘ၀တွင်ကိစ္စမရှိသော်လည်း နောင်သံသရာ အတွက်ကြောက်ရွံ့ ဖွယ်ကောင်းလှပါသည်။
ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏။
လက်အုပ်မိုး၍ရှိခိုးပြီး ရတနာသုံးပါးနှင့်စပ်လျှင် ဟိတ်ဟန်မပြဘဲ
မာန်မာနလျှော့၍ ကန်တော့ပါ၏။ “အပြစ်ရှိလျှင် ပြေပျောက်ပါရစေသတည်း”
ဟုဆိုလိုပါသည်။
ကန်တော့ရသော အကျိုးအားကြောင့်။
ကန်တော့ရသော ကုသိုလ်၏အကျိုးစွမ်းအားကြောင့် ပြစ်မှားမိသော
အပြစ်များပျောက်စေလိုသည့်အပြင် အပါယ်လေးပါးမှ လွတ်ခြင်းစသော
နောက်ထပ်အကျိုးကိုလည်း အလိုရှိ၍ ဆုတောင်းပြန်သောစကား ဖြစ်ပါ သည်။
အပါယ်လေးပါး
ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရသော အရပ်ကို ပါဠိလို“အပါယ” မြန်မာလို “အပါယ်”ဟုခေါ်သည်။
အပါယ်(၄)ပါးမှာ ၁။ ငရဲ ၂။ တိရစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ် တို့ဖြစ်ပါသည်။
(၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည်။
(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ
အသက်ရှင် လျှက်ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော
သိဉ္စိုးငရဲ ၊
(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို
အတင်းလိုက်ကြပြီး မောဟိုက်သွား သည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က
ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက် တစ်မျိုး၊
မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့်
အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့်
ကာဠသုတ်ငရဲ ၊
(ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော
သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေ စိုက်ထားသလို
ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင် ကြီးက
စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း၊ တခြိမ်းခြိမ်းမြည်ဟီးလျက
်ကြိတ်ကာကြိတ်ကာအနောက် အရပ်သို့သွားပြီး၊ နောက်တောင်အရပ်မှသံတောင်ကြီးက
ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက် အရပ်သို့သွားပြီးလျှင်
အနောက်အရပ်သို့ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့
ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို
ဖိနှိပ်ကြိတ်ချေ သော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက်
ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ၊
(ဃ) မီးတောက်တို့သည် တ၀ုန်းးဝုန့်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉)
ပေါက်မှ အတင်းဝင် ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ
တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်
မီးလျှံအလောင်ခံနေကြရသေ ရောရုဝငရဲ ၊
(င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို
မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ
ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာအော်နေ ကြရရှာသော
မဟာရောရုဝငရဲ ၊
(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော
သံတံကျင်၌ မလှုပ်နိုင် အောင်စိုက်ထားပြီးလျှင် ထိုသံတံမှထွက်သော
မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊
(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌
သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူ ငရဲသားတို့ကို ငရဲထိန်းတို့က
သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်
ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက
တောင်ခြေ၌ရှိ သောတံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့်
တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပနငရဲ ၊
(ဇ) မီးတောက်မီးလျှံများ အကြားမရှိပဲ
တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်
အတွင်းမုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင်
ဆင်းရဲဒုက္ခ အကြား အရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ
မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ ဆက်စပ်နေသော
အ၀ီစိငရဲတို့နှင့် ထိုငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ၊ ပြာပူငရဲ၊ လက်ပံတောငရဲ၊
သန် လျက် ရွက်တောငရဲ၊ ကြေးနီရေတွေစီးနေသော ကြိမ်ပိုက်ချောင်းခေါ် “ဝေတ္တရဏီ”
ငရဲ၊ ငရဲငါးထပ်တံတိုင်း ခတ်သကဲသို့ ရံပတ်၍နေကြသည်။
(၂) ဆင်၊မြင်း၊ကျွဲ၊နွား၊ခွေး၊ကြက်၊ငှက်၊ငါးလိပ်စသော ကုန်းနေ၊ရေနေ
အခြေလေးချောင်း၊ အခြေ နှစ်ချောင်း၊ အခြေအများ သတ္တ၀ါတို့နှင့်မြွေစသော
အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန်အဖြစ်ရောက်ရှိ ခြင်း။
(၃) တစ္ဆေ၊မှင်စာ၊သရဲ၊သဘက်၊အစိမ်းဖုတ်ကောင်၊ကျတ်ကောင် စသည့်ပြိတ္တာဖြစ်ရခြင်း။
(၄) ပြိတ္တာအကြီးစားများဖြစ်ကြပြီး နေ့စံညခံ၊ ညခံနေ့စံ စသည်ဖြင့်လည်း
ခံနေကြရရှာသော အသူရကာယ် အရပ်၌ကျရောက်ရခြင်းတို့ကို အပါယ်လေးပါးဟုခေါ်ပါသည်။
ကပ်သုံးပါး
ပျက်စီးခြင်းကို ပါဠိလို“ကပ္ပ” မြန်မာလို“ကပ်” ဟုခေါ်သည်။ ကမ္ဘာကြီးတစ်ခုလုံး
ပြုတ်ပြုတ်ပြုန်းအောင် ပျက်စီးခြင်းနှင့် ကမ္ဘာမပျက်သေးဘဲ ကြားကာလ၌
တရားကင်းမဲ့၍ အသေဆိုးနဲ့သေရသောပျက်စီးခြင်း နှစ်မျိုးရှိပါသည်။
ကမ္ဘာမပျက်ခင်အကြား၌ အသေဆိုးနှင့်သေရခြင်းကို “ကပ်”ဟုခေါ်ပါသည်။
(၁) သတ္တန္တရကပ် = လက်နက်ကြောင့် သေကြေပျက်စီးရခြင်း
(၂) ရောဂန္တရကပ် = အနာရောဂါကြောင့် သေကြေပျက်စီးရခြင်း
(၃) ဒုဗ္ဘိက္ခန္တရကပ် = အစာရေစာပြတ်လပ်မှုကြောင့် သေကြေပျက်စီးရခြင်း
ရပ်ပြစ်ရှစ်ပါး
အပြစ်ရှိသော အရပ်ကို“ရပ်-ပြစ်”ဟုခေါ်ပြီး ထိုအရပ်သို့ရောက်နေလျှင်
မဂ်ဖိုလ်ရအောင် တရားအားထုတ် ခွင့်မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို
“အပြစ်”ဟုခေါ်ပါသည်။ ပါဠိတော်များ၌ “အက္ခဏ”ဟုဆိုပြီး အခွင့်ကောင်း
ခဏကောင်းမဟုတ်သော ကာလဒေသ ဟုအဓိပ္ပာယ်ရပါသည်။
(၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ စသောအပါယ်အရပ် (အသူရကာယ်ကိုပြိတ္တာမျိုး၌ယူ)
(၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင်၊ တရားမနာနိုင်ကြရှာသော
ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ် မရှိသော အသညသတ်ဗြဟ္မာများနှင့်
စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ်၊
(၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ်၊
(၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း၊
(၇) ဘုရားပွင့်ဆဲအခါ တရားကိုနားလည်းလောက်သော ဉာဏ်မရှိသူ၊
(၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်း။
ရန်သူမျိုးငါးပါး
(၁) ရေ
(၂) မီး
(၃) မင်း
(၄) ခိုးသူ
(၅) အမွေခံသားဆိုးသမီးဆိုး
ဝိပတ္တိတရားလေးပါး
ဖောက်ပြန်ချွတ်ယွင်းချက်ကို“၀ိပတ္တိ” ဟုခေါ်ပါသည်။
(၁) ကာလ၀ိပတ္တိ = မင်းဆိုး၊ မင်းယုတ်အုပ်စိုးသောအခါကာလ
(၂) ဂတိဝိပတ္တိ = အပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်ခြင်းး
(၃) ဥပဓိဝိပတ္တိ = ရူပါအဆင်းအင်္ဂါချို့တဲ့ခြင်း
(၄) ပယောဂ၀ိပတ္တိ = အသိအလိမ္မာ ဉာဏ်ပညာ၊ သတိဝီရိယမရှိပဲ ပြုမူ၊ပြောဆို ကြံစည်မူကို “ပယောဂ၀ိပတ္တိ” ဟုခေါ်သည်။
ဗျဿနတရား ငါးပါး
ပျက်စီးခြင်း၊ဆုံးပါးခြင်းကို ပါဠိလို “ဗျသန” ဟုခေါ်ပါသည်။
(၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်း
(၂) ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
(၃) ရောဂဗျဿန = အနာရောဂါဖြစ်ခြင်း
(၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း
(၅) သီလဗျဿန = သီလပျက်ခြင်း
အခါခပ်သိမ်း…ရပါလို၏အရှင်ဘုရား။
ဤမကောင်းသောတရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်းကင်းလွတ်ငြိမ်းသည်ဖြစ်၍
“သံသရာ၌ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏”
ဟုဆုတောင်းသည်။
ဆုတောင်း၊ ဆုပေးနှင့်ပတ်သက်၍ အလှူဒါနတခုကိုပြု၍
လိုလိုချင်ချင်တောင်းအပ်သောဆုကား ထိုတောင့် တတိုင်းပင် သင့်လျော်သောဘ၀၌
အကျိုးပေးတတ်ပါသည်။ဆုတောင်း၊ ဆုပေးမှုကြောင့် အကျိုးရသည်မဟုတ်ဘဲ ကုသိုလ်ကံကြောင့်
အကျိုးရခြင်းဖြစ်ပါသည်။
ဆုတောင်းပေမယ့်လည်း တကယ့်လုပ်ရမယ်ဆိုရင် ရွံ့တွန့်တွန့်ဖြစ်လာတတ်သေးပုံကို
သင်္ဂဇာဆရာ တော်ဘုရားကြီးရဲ့ စကားပုံအဖြစ်ရေးထားတဲ့ မန္တလေးမှာဖြစ်တဲ့
ပုံဝတ္ထုလေးတစ်ပုဒ်ရှိပါတယ်။ ဈေးတောင်က ကိုမောင်ဟာ
မန္တလေးဘုရားကြီးဆီသွားပြီး၊ နေ့စဉ်ဘုရားရှိခိုးအော်ကြီးဟစ်ကျယ်နဲ့
“နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ရပါရစေ” ဟုဆုတောင်းပါတယ်။
နေ့တိုင်းအော်ပြီး ဆုတောင်းနေတာကို သူငယ်ချင်းတစ်ယောက်က ဒီကောင်တကယ်
နိဗ္ဗာန်ကိုသွားချင်တာ ဟုတ်မဟုတ်စုံစမ်းအုံးမယ်ဆိုပြီး တစ်ရက်ကျတော့
သိကြားမင်းအ၀တ်အစားတွေ ဆိုင်ကနေငှားဝတ်လာပြီး သူကကြိုတင်ရောက်ကာ
ဘုရားနောက်က ကွယ်နေတယ်။ကိုမောင်လည်း ဘုရားရှိခိုးပြီးတော့ ကျယ်ကျယ်
လောင်လောင်နဲ့ ဆုတောင်းလိုက်ရာသိကြားမင်းယောင်ဆောင်ထားတဲ့
သူငယ်ချင်းကထွက်လာပါတယ်။
“ဟဲ့…ငမောင်၊ငါသိကြားမင်း၊ မင်းနိဗ္ဗာန်ဆုတောင်းနေတာကြာပြီ၊ အဲဒီတော့
ငါလည်းနတ်ပြည်က အလုပ် ကိစ္စတွေနဲ့မအားလို့ မလာရဘူး။ ဒီကနေ့တော့ မင်းကို
နိဗ္ဗာန်ပို့ပေးဖို့ ငါဆင်းလာခဲ့ပြီ၊ ကဲလာသွားကြစို့” ဆိုတော့
ကြောင်ကြည့်နေတယ်။
သိကြားမင်း အခုလိုက်ရမှာလားတဲ့၊အခုလိုက်ရမှာပေါ့၊ အိမ်ပြန်ပြီးတော့
ပြောအုံးမှဖြစ်မှာ၊ အိမ်ကလူတွေက တော်ကြာဘယ်သွားမှန်းမသိ၊ အိမ်ပြန်ပါရစေဦး။
အိမ်ပြန်၊ အိမ်ကအမျိုးသမီးနဲ့ သွားတိုင်ပင်မှဖြစ်မှာဆို
တော့…အေး…သွားတိုင်ပင်။မင်းကို ငါ(၇)ရက်ပဲ ခွင့်ပေးမယ်နော်။
အိမ်ပြန်ရောက်တဲ့အခါ အိမ်ကအမျိုးသမီးနဲ့
ဖြစ်သမျှကိုအကျိုးအကြောင်းပြောတိုင်ပင်တယ်။ အမျိုးသမီးက
အမေလေး…ရှင်ဆုတောင်းပြည့်တာပဲ၊ သိကြားတောင် လာခေါ်မှလိုက်သွားပေါ့
တိုက်တွန်းတယ်။ ဘာလို့ ပြန်လာရတာလဲ။ “ဟ”နင်တစ်ယောက်တည်း ဖြစ်ပါ့မလားတဲ့။
အဲဒီတော့ အိမ်ရှင်မက၊ စဉ်းစားမနေနဲ့ ရှင်လိုက်သာသွားဆိုတော့
“နင်စဉ်းစားဦးနော်”တဲ့။ “ဘာမှမစဉ်းစားဘူး”၊ “နင်မစဉ်းစားလဲ ငါကတော့
စဉ်းစားရအုံးမယ်” လို့ပြောသတဲ့။
စိတ်ဆန္ဒမပြတ်ခြင်းပင်ဖြစ်ပါသည်။
ထုံးစံအတိုင်း “သြကာသ” ရှိခိုးပြီးနောက် ဆုတောင်း၍ ဘုန်းကြီးကဆုပေးသောအခါ
“အာမဘန္တေ” ဟုလိုက် ဆိုကြပါသည်။ ထိုသို့ဘုန်းကြီးက နှုတ်တက်ချပေးသော
ဆုများကိုအားကိုနေခြင်းထက် မိမိတောင်းသောဆု နှင့်ထိုက်တန်အောင် အပါယ်လေးပါး
စသည်မှလွတ်မြောက်အောင် ဒုစရိုက်ကို ရှောင်ကြဉ်၍ သုစရိုက်
ကုသိုလ်များကိုသာပြုမှသာ နိဗ္ဗာန်မြန်မြန်ရအောင် ကမ္မဋ္ဌာန်းကို အားထုတ်မှ၊
သို့မဟုတ် ပါရမီကိုကြိုးစား ဖြည့်မှသာ ဆုတောင်းအားလျော်စွာ
အကျိုးရမည်ဖြစ်ပါသည်။
ကိုးကား။ ။ ဆရာတော်အရှင်ဇနကဘိဝံသ (ရတနာ့ဂုဏ်ရည်)
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (မိတ်ကောင်းဆွေကောင်း)

နိကုံး
အိမ်နားက ကောင်လေးတစ်ယောက်က ဘယ်လိုပြောရမလည်း အရမ်းအပြောဆိုးတာပေါ့။ သူကမှန်တယ်ထင်ရင် ဘယ်သူကိုမှ ဂရုမစိုက်တတ်ဘူး။ ပြီးတော့ သူကသူတဘက်သားကိုလည်း အားမနာတတ်ဘူး။ သူစိတ်ထဲမှာ ရှိနေရင် ပြောလိုက်ရမှာ အရိပ်အကဲမကြည့်ဘူးပေါ့။
သူအမေကပြောတယ် “ နင်အဲ့အကျင့်တွေဖျောက်ပါ နင်အကျင့်တွေကြောင့် နင်တနေတွေ့အုံးမယ် “
အဲ့လိုပြောလည်း သူက ဂရုမစိုက်ဘူး
“ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူကိုမှ ကြောက်စရာမလိုဘူး၊ အားနာစရာလည်းမလိုဘူး ။ အမေဘဲကြောက်နေတဲ့ “
အဲ့လိုပြောပြီးမကြာပါဘူး အဲ့ကောင်လေးဆုံးသွားရှာတယ်။
ဘာလိုဆုံးသွားတာလည်းဆိုရင် တိုက်ပေါ်က ပြုတ်ကျပြီးသေသွားတာတဲ့။ သူများတိုက်ပေါ်ကနေ ကန်ချလိုက်တာတဲ့ ။
သူ့အမေကလည်း သူသားအကြောင်းကြားရော “ ငါ့သားရယ် ငါအမြဲပြောတယ် နင်ရဲ့ အပြောဆိုးမှုကို ပြင်ပါလို့ အခုတော့ အသက်တချောင်းဆုံးရှုံးရပြီတဲ့ “
သူသေသွားတော့လည်း သူကို သနားမယ့်သူ မရှိကြဘူး။ သူက အပြောဆိုးခဲ့တာကို။ အဲ့ကောင်သေသွားတာဘဲ ကောင်းတယ်ဆိုတဲ့ သူတွေကြီးဘဲ ။
သူက လက်သမားလေးတယောက်။ သူက စိတ်ထားကောင်းပြီး၊ ကူညီတတ်ပေမယ့် အပြောဆိုးတယ်။ သူများနားမခံသာအောင် ဘုကလန်ပြောတတ်တယ်။ ပြီးတော့ သူက မကူညီဘူးလားဆိုတော့လည်း ကူညီတယ်။ သူလောက်လုပ်ပေးတဲ့လူလည်းမရှိဘူး။ ဒါပေမယ့် အပြောမတတ်တော့ ဆဲနေသလိုဆိုတာမျိုးပေါ့။
အဲ့နေ့ကလည်း သူအလုပ်ရင်းနဲ့ အလုပ်သမားတယောက်နဲ့ စကားပြောတာပေါ့။ သူပြောပုံကတော့
“ဟေ့ နင်ထမင်းမစားသေးဘူးလား။ သူများဟာတွေကြီးဘဲ လိုက်စားမနေနဲ့။ နင်ဟာနင် ယူလာအုံး။ သူများစေတနာရှိမှကောင်းတာပေါ့လို့ “ ပြောလိုက်တာပေါ့။ သူကအမှတ်မထင်ပြောလိုက်ပေမဲ့ လူအများရှေ့မှာ အပြောခံလိုက် ရတဲ့ ကောင်လေးက မှတ်ထားတာပေါ့။ အဲ့လိုနဲ့ တစ်ရက်ပြီးသွားရော။
နောက်ရက်ကျတော့လည်း သူ့ကို အလုပ်ပိုင်ရှင်က “ ဟေ့ရောင် မင်းအလုပ်သမားတွေကို ကြည့်ထားပေးအုံး။ ငါမအားလို့ မင်းက အလုပ်သမားခေါင်းဆောင်ဘဲ“ လို့ပြောပြီး ထွက်သွားတယ် အလုပ်ရှင်က ။
သူကလည်း အလုပ်ရှင်က ငါကိုအပ်ထားတာပေါ့။ ငါသွားပြောမှ ရမယ်ဆိုပြီး အလုပ်သမားတွေကို လိုက်စစ်တာပေါ့။ အဲ့ဒီအခါမှာ ဟိုနေ့က သူပြောလိုက်တဲ့ ကောင်လေးက “ ပစ္စည်းတွေခိုးနေတာ သူတွေ့သွားတယ် “
အဲ့တော့ သူက “ မင်းဒီလိုမလုပ်ကောင်းဘူးပေါ့ “ အဲ့တာကို ကောင်လေးက “ အကိုရယ် အလုပ်သမားအချင်းချင်းပေါ့ ဒီတခါလောက်ခွင့်လွတ်ပေးပါပေါ့။ “ အချင်းချင်းစကားများကြာတာပေါ့။ ရန်ဖြစ်လိုလည်း ပြီးရော သူက သူ့အလုပ်သူ လုပ်နေတာပေါ့။ ပါးစပ်ကလည်း ရွတ်လည်းရွတ်ပေါ့။ အဲ့လို အရှေ့ကနေ အလုပ်လုပ်နေတုန်းရှိသေးတယ် အနောက်ကနေ ကောင်လေးက သူကို တိုက်ပေါ်ကနေ ကန်ချလိုက်တာပေါ့။ သူကလည်း အမှတ်မထင်ဆိုတော့ ဆွဲမိဆွဲရာ ဆွဲလိုက်တာ ပျဉ်ပြားတွေကို ဆွဲမိပြီး ခေါင်းကို ဆင့်ရိုက်လိုက်တာပေါ့ အဲ့ဒါနဲ့ ၄ ထပ်ကနေ အောက်ထပ်ကို တဆင့်ပြီးတဆင့် ရိုက်ပြီး အောက်လည်း ရောက်ရော မသေသေဘူးပေါ့။ အသက်ကရှင်သေးတယ်။ ဒါပေမယ့် သူကို ဆေးရုံပို့ပေးမယ်သူမရှိဘူး။ ဘာလိုလည်းဆိုတော့ သူက အပြောဆိုးတာကို ။ လူတကာကလည်း ဒီကောင်သေမှအေးမယ်ဆိုပြီး ဆေးရုံမပို့ပေးကြဘူး။ နောက်ဆုံးတော့ ကယ်သူမရှိဘဲ သူခမျာ အဲ့နေရာမှာတင်ဘဲ သေသွားရှာတယ်။

Subscribe to:
Comments (Atom)